Chyuu Myet Chyei

 ချက်နိုင်ငံမှ နောက်ဆုံးနှစ် ဆေးကျောင်းသူ တစ်ယောက်


ခြူးရဲ့ အကြောင်း

ကျွန်မရဲ့ နာမည်အပြည့် အစုံက ခြူးမျက်ခြယ် ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ မွေးဖွားပြီး (၈)တန်းအထိ TTC မှာ ကျောင်းတက်ခဲ့ပါတယ်။ အသက် (၁၄) နှစ်မှာ အဖေက မလေးရှားမှာ GP အလုပ်ရတဲ့ အတွက်ကြောင့်မို့ ခြူးရဲ့ ပညာရေးကို မလေးရှားရဲ့ အစိုးရကျောင်းမှာ (၁၁)တန်းအထိ အပြီးတက်ခဲ့ပါတယ်။ Cambridge A-levels သို့မဟုတ် (၁၂)တန်းခွဲကို မလေးရှားက ပုပ္ပလိက ကျောင်းတစ်ခုမှာ အောင်ခဲ့ပြီး ချက်နိုင်ငံမှာ ဆေးပညာသင်ယူဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ခြူး အခု ဆေးပညာသင်နှစ် နောက်ဆုံးနှစ် ရောက်ရှိနေပါပြီ။

ဘာလို့ ဒီ ဝက်(ဗ)ဆိုက် ကို ထူထောင်ခဲ့ သလဲ။

ခြူးက စစခြင်း Czech-In With Chyuu ဆိုတဲ့ ဖေ့ဘွတ်ပေ့ချ် မှာ စာစရေးခဲ့တယ်။ ဒါပေမယ့် အကြောင်းမျိုးစုံကြောင့် ကိုယ်ကြိုက်သလို လွတ်လွတ်လပ်လပ် ရေးလို့မရခဲ့ဘူး။ ခြူးက ခြူးကျွမ်းကျင်တဲ့ အရာပဲရေးတယ်။ ဘာလို့လဲဆိုတော့ သတင်းအမှား မဖြန့်ချင်လို့၊ ကိုယ့်ရဲ့ စာဖတ်သူတွေရဲ့ ပေးထားတဲ့ အချိန်တွေကို အဓိပ္ပာယ်မရှိတဲ့ စာသားတွေ နဲ့ မဖြုန်းချင်လို့။

ဘာအကြောင်းတွေရေးမလဲ။

ဒီဆိုက်မှာ ခြူးက အဓိက ကျန်းမာရေး၊ ပညာရေး၊ ကိုယ့်ကိုယ်ကို မြှင့်တင်ရေး၊ အလှအပ၊ နှင့် ဥရောပ-မြန်မာ ကွာခြားမှုများ အကြောင်းကို အဓိက ထားပြီး ရေးမှာ ဖြစ်ပါတယ်။

ဘာလို့ စာပဲရေးလဲ။

ယနေ့ခေတ် မှာ အွန်လိုင်းမှာ ကြိုက်တဲ့ အကြောင်းအရာ တစ်ခု ရှာရိုက်ကြည့် ဗီဒီယို တစ်ခု အနည်းဆုံး ရှိပါတယ်။ ခြူးက လူငယ်များ စာဖတ်တာကို အားပေချင်ပါတယ်။

တခြားဘာရှိသေးလဲ။

ဒီဆိုက်ရဲ့ English version မှာ ချက်နိုင်ငံကို ပညာလာသင်မယ့ ပထမနှစ် ကျောင်းသူ၊ ကျောင်းသားတွေ အတွက် အကူအညီဖြစ်မယ့် စာတို စာသားများကို အင်္ဂလိပ်စာနဲ့ ရေးထားပါတယ်။ အင်္ဂလိပ်စာ လေ့လာချင်သူများလဲ ကြည့်ရှုဖတ်သားနိုင်ပါတယ်။

စာအုပ်ဝယ်ဖို့ မုန့်ဖိုး ပေးနိုင်ပါတယ်။

ခြူး ရေးသားတဲ့ ဆောင်းပါများကို ကြိုက်နှစ်သက်ပြီး နောက်ဆောင်းပါးများ ဆက်ရေးနိုင်ဖို့ ဒီလင့်(ခ) ကနေ ခြူးကို စာအုပ်ဝယ်ဖို့ မုန့်ဖိုး ပေးနိုင်ပါတယ်။